Thursday, October 15, 2015

နှင်းဝိညာဉ်

^^^^^^^^^^^^^^နှင်းဝိညာဉ်​^^^^^^^^^^^^^^
ဆောင်းတွင်းမနက်​ခင်း​လေးက​အေး​ပေမယ့်​သာယာပါတယ်​အရာရာကိုမသဲမကွဲမြင်​​နေရ​ပေမယ့်​ကျွန်​မ၏စိတ်​နှလုံးသားအစုံကရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားမြင်​​နေရပါတယ်​။သဇင်​ပန်း​လေး​တွေက​တော့နှင်းရည်​​သောက်​ပြီးလှပစွာပွင့်​ဖူး​နေပါတယ်​။နေ​ရောင်​ခြည်​ကို​မျှော်​လင့်​​နေတယ့်​ပန်း​လေး​တွေက​တော့ချမ်းလို့နဲ့တူသည်​အဖူးအငုံ​လေး​တွေအတိုင်းခိုက်​ခိုက်​တုန်​​နေကြ​ပေသည်​။ကျွန်​မက​ဆောင်းရာသီမှာမ​မွေး​ပေမယ့်​အ​မေနဲ့အ​ဖေကကျွန်​မနာမည်​ကိုနှင်းသစ္စာလို့​ပေးခဲ့တယ်​ဒါကိုပဲ​ကျေးဇူးတင်​ရမယ်​ကျွန်​မနှင်းကိုချစ်​တက်​တယ့်​စိတ်​ပါလာခဲ့တယ်​​လေ။ဆောင်းရာသီ​ရောက်​ပြီနှင်းကျပြီဆိုရင်​ကျွန်​မမနက်​တိုင်း​စော​စောထပြီးလမ်း​လျှောက်​ဖြစ်​ပါတယ်​နှင်း​တွေကိုလည်းတစ်​ဝကြီးထိ​တွေ့ရတယ်​​နောက်​ပြီး​ဆောင်းရာသီရဲ့အလှကိုလည်းသိတာ​ပေါ့။ဒီ​နေ့လည်းအ​စောကြီးထဖြစ်​ပါတယ်​အားကစားလက်​ရှည်​အကျီ​လေးဝတ်​ပြီးကျွန်​မလမ်း​လျှောက်​ထွက်​လာခဲ့တယ်​။လမ်းက​တော့လူနည်းနည်းပျက်​​ပေမယ့်​စိတ်​ပူစရာမလိုပါဘူးလူတစ်​ချို့​တော့ရှိပါတယ်​။နှင်း​တောအကြားကိုတိုး​ဝှေ့​နေ​သောမာကျူရီမီး​ရောင်​နဲ့နှင်းမှုန်​တို့နှင့်​​ရော​ထွေးကာ​ရွှေဝါ​ရောင်​သန်း​နေသည်​။ကျွန်​မအကြိုက်​ဆုံးသီချင်း​ဖြစ်​​သော"My Heart Will Go on"ဟုအမည်​ရ
သောသီချင်း​လေးကိုလည်းဖွင့်​ထားသည်​။သီချင်းသံ​လေးနဲ့​ဆောင်းရာသီမနက်​ခင်း​လေးကလိုက်​ဖက်​လှပါတယ်​သံစဉ်​​လေးက​တော်​​တော်​နူးညံ့လှပြီး​ဆောင်းရာသီနှင့်​ထပ်​တူပြု​နေသလိုထင်​​နေရသည်​။
"Every night in my dream I see you i feel you there is how i know you go on....."
တစ်​ချက်​တစ်​ချက်​တိုက်​ခက်​သွား​သောနှင်း​ရော​လေ​အေး​လေးကကြက်​သီး​မွှေးညင်းထ​လောက်​​အောင်​တိုက်​ခက်​သွားသည်​။နားကြပ်​ဖြင့်​နား​ထောင်​သဖြင့်​အသံများကိုမသဲမကွဲသာကြားရသည်​။နောက်​မှစက်​ဘီးတစ်​စီးလာ​နေသည်​ကိုမသိလမ်း​ပေါ်တက်​မိသည်​သူလည်းအရှိန်​မထိန်းနိုင်​သဖြင့်​တိုက်​မိသွားသည်​။
"ဟာ......အ..."
စက်​ဘီး​မှောက်​သံကဝုန်းခနဲကျွန်​မလည်း​ရှေ့ကိုပစ်​ကြသွားသည်​။မနက်​​စော​စော​အေးလည်း​​အေးသဖြင့်​​တော်​​တော်​ပင်​နာသွားသည်​။စက်​ဘီးစီးလာသူကပိုဆိုးလိမ့်​မည်​ထင်​သည်​။
"အား.....ညီမရလား"
သူလူးလဲထပြီးလာ​မေးရှာသည်​ကျွန်​မက​တော့လမ်းမ​ပေါ်ထိုင်​လျက်​သား​ပေါ့ပွန်းပဲ့ရုံအ​ပေါ်ယံဒဏ်​ရာ​လောက်​​ပေမယ့်​​တော်​​တော်​​တော့နာပါသည်​။
"ရပါတယ်​...အား..."
"ထနိုင်​လားညီမလာ​လေ"
ထိုင်​လျက်​အ​နေအထားက​နေပြန်​ထဖို့အားယူလိုက်​စဉ်​မထနိုင်​ဖြစ်​သွား​သောကျွန်​မကိုသူလက်​ကမ်း​ပေးသည်​မထင်​မှတ်​​သောအခိုက်​အတန့်​​လေးမှာအကြည့်​ချင်းဆုံမိသည်​ဒါသဘာဝပါပဲအရွယ်​​ရောက်​​သောမိန်းက​လေးနဲ့​ယောကျာ်း​လေးတစ်​​ယောက်​အနည်းငယ်​​တော့ရင်​ခုံမိမှာပဲ​ဖြစ်​သည်​။
"ညီမရလားအရမ်းနာသွား​သေးလားဟင်​"
"ရတယ်​နည်းနည်းပါ"
သူကမ်းလင့်​​သောလက်​ကိုကျွန်​မဆုပ်​ကိုင်​လိုက်​​သောအခါ​နွေး​ထွေး​သောထိ​တွေ့မှု​နောက်​ပြီးသူ့လက်​​တွေကြမ်းမ​နေပုံ​ထောက်​​တော့သူကအလုပ်​ကြမ်းသမားတစ်​​ယောက်​​တော့မဖြစ်​နိုင်​ဟု​ကောက်​ချက်​ချမိသညိ။
"ညီမ​တောင်းပန်​ပါတယ်​​ရှေ့ကိုသိပ်​မမြင်​ရလို့ပါ"
"ရပါတယ်​ကျွန်​မအမှားလည်းပါပါတယ်​ရှင်​​ရောဘာမှမဖြစ်​ဘူး​နော်​"
"ဟုတ်​ကဲ့ကျွန်​​တော်​ဘာမှမဖြစ်​ပါဘူး"
"ဒါဆိုလည်းကျွန်​မပဲ​တောင်းပန်​ပါတယ်​ကျွန်​မအ​ရေးကြီးလို့သွားခွင့်​ပြုဦး​နော်​"
"ဟုတ်​ကဲ့"
ကျွန်​မမြန်​မြန်​ထွက်​လာမိပါတယ်​သူ့နားမှာဆိုရင်​​တွေခုန်​လို့အို...မိန်းက​လေးဖြစ်​ပြီးကိုယ့်​ကိုကိုယ်​လဲအပြစ်​တင်​မိသည်​။သူကျွန်​မ​ဘေးက​နေစက်​ဘီးဖြတ်​စီးသွားပါတယ်​ပြုံးပြသွား​သေးတယ်​ကျွန်​မကိုသူ့အပြုံးကကျွန်​မအဓိပ္ပါယ်​မဖွဲ့တက်​​ပေမယ့်​​တော်​​တော်​​လေးရင်းနှီးသလိုခံစား​နေရတယ်​။ရှင့်​ကိုကျွန်​မ​ကောင်း​ကောင်းမှတ်​ထားလိုက်​မယ်​။နားကြပ်​ထဲကသီချင်းသံ​လေး​တောင်​သတိမထားမိလိုက်​ဘူးကိုယ့်​အ​တွေးနဲ့ကိုပဲ။နာရီကိုကြည့်​​တော့၇နာရီထိုး​တော့မယ်​။
"ဟာငါဂျူတီဝင်​ရဦးမယ်​​မေ့​နေလိုက်​တာ"
တစ်​​ယောက်​ထဲ​ရေရွတ်​လိုက်​ပြီးခပ်​သွပ်​သွပ်​​လျှောက်​လိုက်​သည်​။အိမ်​သို့​ရောက်​​သောအခါမနက်​စာကအဆင်​သင့်​ပဲအ​ဖေနဲ့အ​မေလည်းနိုး​နေကြပြီ။
"ကဲသမီး​လေးပြန်​လာပြီစားကြစို့ကွာ"
"သမီးရယ်​လမ်း​လျှောက်​တာလည်းကြာလိုက်​တာခုမှပြန်​​ရောက်​တယ်​သမီးကို​စောင့်​​နေတာလာ"
"ဟုတ်​အ​မေသမီးမြန်​မြန်​စားမှဖြစ်​မယ်​ဒီ​နေ့ဂျူတီရှိတယ်​"
မနက်​စာကိုအမြန်​စားပြီးမြန်​မြန်​လက်​စသိမ်းလိုက်​သည်​။တစ်​ခြားမိန်းက​လေး​တွေလိုအလှပြင်​ချိန်​သိပ်​မယူပဲလူကြည့်​​ကောင်းရုံ​လောက်​ပဲချယ်​သလိုက်​သည်​။နောက်​ပြီး​ရေ​မွှေးကိုအနံ့သိပ်​မပြင်း​သော​ရေ​မွှေးသုံးလိုက်​သည်​။လူနာ​တွေကြားမှာကိုယ့်​အနံ့​ကြောင့်​​ရောဂါတိုးသလိုဖြစ်​မှာဆိုး​သော​ကြောင့်​ဖြစ်​သည်​။သွား​နေကြအတိုင်းဆိုင်​ကယ်​​လေးနဲ့​ဆေးရုံဆီသို့ဦးတည်​​မောင်းနှင်​ခဲ့သည်​။နှင်းကွဲချိန်​ဆို​တော့​နေ​ရောင်​ခြည်​​တွေဖြာကြ​နေပြီ​လေနှင်းကိုမကြိုက်​တယ့်​ပန်း​လေး​တွေက​တော့​နေ​ရောင်​ခြည်​ရဲ့​နွေး​ထွေး​သောရင်​ခွင်​ထက်​မှာဖူးပွင့်​​နေကြပြီဖြစ်​သည်​။
"​ဒေါက်​တာမင်္ဂလာပါ"
"မင်္ဂလာပါ​ဒေါက်​တာဒီ​နေ့​စော​နေပါလား"
လုပ်​​ဖော်​ကိုင်​ဖက်​ဆရာဝန်​ဖြစ်​သည်​။သူတို့နှစ်​​ယောက်​ခင်​ကြသည်​သွားအတူလာအတူ။
"ဒီ​နေ့​နောက်​ကြတယ်​​နော်​နှင်းသစ္စာ"
"အင်းဟန်​နီ​ရေစက်​ဘီးတိုက်​ခံရလို့"
"ဖြစ်​ရမယ်​သတိကိုမထားဘူး​နော်​နင်​က​တော့"
ဟန်​နီ​ကျော်​မှာနှင်းသစ္စာလိုပဲလက်​​ထောက်​ဆရာဝန်​​ပေါက်​စ​လေး​တွေ​ပေါ့တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​​ကောင်း​ကောင်းကြီးနားလည်​တယ်​။
"ဒီ​နေ့ဘာcase​တွေရှိလဲ"
"မ​နေ့ကတစ်​ခုပဲ​လေဒီ​နေ့ငါတို့outdoorမှာ​နော်​"
"ဟုတ်​သားပဲဒီ​နေ့လူနာလာတာနည်းပါ​စေလို့်​ဆု​တောင်းရမယ်​"
"​အေးပါဟယ်​"
ပြင်​ပလူနာဋ္ဌာနဆိုအလုပ်​ရှုပ်​သည်​တစ်​ခါတစ်​​လေထမင်းစား​နေရင်းပင်​အ​ရေး​ပေါ်​ရောက်​လာရင်​စားလက်​စလည်းဆက်​မစားနိုင်​ပဲဖြစ်​ခဲ့ရသည်​​တွေကလည်းမနည်းလှ​ပေနိုင်​ငံ့ဝန်​ထမ်းတစ်​​ယောက်​အဖို့​တော့ဒီလိုပါပဲ​လေအသက်​တစ်​​ချောင်းကယ်​လိုက်​ရရင်​ကိုအလိုလိုဝပြီးသားကျန်​တာ​တွေမလိုပါဘူး။ပြောရင်းဆိုရင်းအ​ရေး​ပေါ်ကားသံကကြားရသည်​။
"ဘာဖြစ်​လာတာလဲ"
"ကားနဲ့ချိတ်​မိတာ​ဒေါက်​တာ"
"အို.....​သွေး​တွေမနည်းပါလား​သွေးသွင်းဖို့အမြန်​ဆုံးလုပ်​ပါ"
"ဟုတ်​ကဲ့"
အနားရှိတာဝန်​ကြဆရာဝန်​များနှင့်​သူနာပြုဆရာမများအလုပ်​ရှုပ်​သွားသည်​။လူနာက​သွေးထွက်​လွန်​​နေသည်​​သွေးသံရဲရဲနဲ့အသက်​ကယ်​ဖို့ကြိုးစား​နေကြသည်​။သူနာပြုဆရာမ​ပြောလိုက်​သည်​က​နှင်းသစ္စာ၏​ခေါင်းကိုမိုးကြိုးပစ်​ချလိုက်​သလိုဖြစ်​သွားသည်​။
"​ဒေါက်​တာလူနာနဲ့​သွေးကRH-Oဖြစ်​​နေတယ်​​သွေးမရှိဘူး"
"ဟင်​ဒါဆို​သွေးလှူအဖွဲ့​တွေနဲ့ဆက်​သွယ်​ပါအချိန်​သိပ်​မရဘူးခု​တောင်​ထိန်းထားရတာ"
"ဟုတ်​ကဲ့အမြန်​ဆုံးလုပ်​လိုက်​ပမယ်​"
လူနာကအ​ရေးကြီး​နေတယ်​​သွေးကလည်းရှားပါး​သွေးဖြစ်​​နေသဖြင့်​ပျာရာခက်​​နေကြသည်​။
"​ဒေါက်​တာ​သွေးရပြီလှူမယ့်​လူရပြီ​ကျောင်းဆရာတယ့်​"
"ဟင်​....okဟန်​နီနင်​ကြည့်​ထားလိုက်​​နော်​လူနာကိုငါ​သွေးသွား​ဖောက်​လိုက်​မယ်​"
သူဝမ်းသာအားရနဲ့​သွေးလှူမယ့်​လူကိုအ​ပြေးအလွှားသွားကြည့်​လိုက်​သည်​။
"​ဒေါက်​တာလာပြီ"
"​သွေးလှူမယ့်​သူကဘယ်​သူလဲ"
"ကျွန်​​တော်​ပါ​ဒေါက်​တာ"
တွေ့ဆုံမှုကအမှတ်​မထင်​ပဲ​တွေ့ရသည်​။မနက်​ကလူ​ပေါ့သူက​ကျောင်းဆရာပဲထင်​​တော့ထင်​သားပဲ။
"ဪ....မနက်​က"
"​ဒေါက်​တာကမနက်​ကကျွန်​​တော်​နဲ့"
"ကဲ​နောက်​မှမိတ်​ဆက်​တာ​ပေါ့လှဲလိုက်​ပါ"
"​သွေး​ပေါင်​ချိန်​အ​ခြေအ​နေကဘယ်​လိုလဲဆရာမ120/80 normalပါပဲ"
သူမနားကြပ်​ဖြင့်​ရင်​ဘက်​ကိုစမ်းလိုက်​သည်​။အားပါးရင်​ခုန်​သံ​တွေပျင်းလိုက်​တာကို​တော်​​ချောကရင်​​တွေခုန်​​နေတာပဲလူကိုကြည့်​​နေတာလည်းမျက်​​တောင်​​တောင်​မခက်​ဘူး။
"ရှင်​ဘာနဲ့လာတာလဲ​ပြေးလာတာလား"
"မဟုတ်​ပါဘူးဆိုင်​ကယ်​နဲ့လာတာပါ"
"နှလုံးခုန်​မြန်​​နေလို့​ပြောတာပါ"
"အဲတာခုမှပါ​ဒေါက်​တာ့ကိုအနီးကပ်​​တွေ့ရလိုက်​လို့ပါ"
"ရှင်​"
တော်​​တော်​စကားတက်​တယ့်​လူမိန်းက​လေးတစ်​​ယောက်​ကို​တော့​ကောင်း​ကောင်းဖမ်းစားနိုင်​သားပဲ​ကျောင်းဆရာဆို​တော့လည်းခုအချိန်​မှာရင်​ခုန်​​နေလို့မရ​သေးဘူးမြန်​မြန်​သူ့​သွေး​ကို​ဖောက်​မှ
"ကဲ​သွေး​ဖောက်​မယ်​​နော်​"
သွေးတစ်​ပုလင်းပြည့်​​တော့ကျွန်​မလည်းသူ့ကိုဂရုမစိုက်​နိုင်​ပဲလူနာစီသို့​သွေးပုလင်းကိုကိုင်​ကယအမြန်​​သွေးသွင်း​ပေးလိုက်​သည်​လူနာတစ်​​ယောက်​ကို​တော့ကယ်​တင်​လိုက်​နိုင်​ပါတယ်​ဟိုလူရဲ့​ကျေးဇူးလည်းပါတာ​ပေါ့သူ့စီကိုသွား​မေးဦးမှဆို​သောအ​တွေးဝင်​လာသဖြင့်​သူ့ဆီပြန်​သွားလိုက်​သည်​သူမပြန်​​သေးပါဘူးလှဲ​နေတုန်းပါပဲ။
"ဘယ်​လို​နေ​သေးလဲဆရာ​ခေါင်းထဲကမူး​နေ​သေးလား"
"မမူးပါဘူး​ဒေါက်​တာဒါနဲ့​ဒေါက်​တာ့နာမည်​က"
"ဟုတ်​ကဲ့နှင်းသစ္စာပါ"
"ကျွန်​​တော့်​နာမည်​ကလွမ်း​ဝေ​နောင်​ပါ"
သူ့လက်​ကိုကိုင်​ကာကျွန်​မ​သွေးခုန်​နှုန်းစမ်းလိုက်​သည်​စမ်းပြီးကျွန်​မလက်​ကိုလွှတ်​လိုက်​​ပေမယ့်​သူကျွန်​မလက်​ကိုတင်း​နေ​အောင်​ကိုင်​ထားသည်​။
"​ဒေါက်​တာလူနာအ​ခြေအ​နေ​ရော"
"​ကောင်းပါတယ်​ရှင့်​​ကျေးဇူး​ကြောင့်​ပါ"
"ဝမ်းသာလိုက်​တာဗျာ"
"လက်​ကိုလွှတ်​ပါရှင်​...နာ​နေပြီ"
"ဪ......sorry"
ဒီလိုနဲ့တစ်​ဖြည်းဖြည်းသူနဲ့ခင်​လာတယ်​သံ​ယောဇဉ်​​တွေပိုလာတယ်​ကျွန်​မလမ်း​လျှောက်​ထွက်​ရင်​လည်းသူအမြဲတမ်းကျွန်​မနဲ့​တွေ့ဖြစ်​ပါတယ်​သူ့အချစ်​ကိုလည်းလက်​ခံလိုက်​ပါတယ်​သူကလူ​ကောင်းတစ်​​ယောက်​လို့လည်းထင်​မိပါတယ်​တစ်​ဖြည်းဖြည်းအချစ်​​တွေပိုလာမိပါတယ်​။
"နှင်း​မောင့်​ကိုတစ်​ကယ်​ချစ်​လား"
"ချစ်​တာ​ပေါ့​မောင်​ရယ်​"
"နှင်းဘာသီချင်းနား​ထောင်​​နေတာလဲနှင်းလမ်း​လျှောက်​ရင်​အမြဲတမ်းသီချင်းနား​ထောင်​တယ်​​နော်​"
"ဪဒီသီချင်း​လေးကနှင်းသိပ်​ကြိုက်​တယ်​နား​ထောင်​ကြည့်​မလား"
"အင်းတစ်​ဖက်​​ပေး​လေ"
"Far across the distance and spaces between us you has come to show you go on........"
နူးညံ​သောသံစဉ်​နှင်းမြူ​တွေနဲ့ကျွန်​မတို့ချစ်​သူနှစ်​ဦးအကြားသာယာမှုကြည်​နှုးမှု​တွေအတိုင်းအတက်​လွန်​​ပေါ့သာယာမှု​နောက်​မှာ​ကြေကွဲမှု​တွေကပါလာစမြဲပဲ​လေကျွန်​မခုတစ်​​လောနှာ​ခေါင်း​သွေး​တွေခဏခဏကြလာတယ်​အမြင်​​တွေလည်း​ဝေဝါးလာတယ်​​ချောင်းလည်းဆိုးလာတယ်​​သေချာ​အောင်​သူငယ်​ချင်းကိုအကူအညီ​တောင်းကြည့်​​တော့ကျွန်​မမှာ​သွေးကင်​ဆာဖြစ်​​နေပြီတယ့်​​​ခြောက်​လ​တောင်​မ​သေချာတာကျွန်​မရယ့်​ဘဝပါ။
"ဟဲလို​မောင်​လား"
"နှင်း​မောင်​အလုပ်​ရှပ်​​နေတယ်​​နောက်​မှဆက်​​နော်​"
ရက်​စက်​လိုက်​တာ​မောင်​ရယ်​​နေ​ကောင်းလား​တောင်​မ​မေးဘူး​နော်​နှင်းဆိုရင်​​မေးမိမှာပဲမရခင်​တုန်းက​တော့ဒီလိုမဟုတ်​ဘူး​နော်​​မောင့်​ကိုစိတ်​မဆိုးပါဘူးနှင်းနာလည်​ပါတယ်​။အပြင်​မှာ​တွေ့​တော့လည်း
"​မောင်​နှင်းနားမှာ​​ခြောက်​လ​လောက်​​နေ​ပေးပါ​နော်​"
"နှင်းဘာဖြစ်​​နေတာလဲခုတစ်​​လောအစကနဲ့မတူဘူး​နော်​"
"​မောင်​ရယ်​..."
"​မောင်​နယ်​ဘက်​ခဏသွားရမယ်​နှင်း၆လ​လောက်​ကြာမယ်​"
"ဟင်​​မောင်​မသွားပါနဲ့​နော်​"
"မရဘူးနှင်းဒါ​မောင့်​တက်​လမ်းပဲနှင်းမတားပါနဲ့ကွာ"
"ဒါဆိုလည်းသွားပါ​မောင်​"
ခွင့်​ပြုလိုက်​​ပေမယ့်​ရင်​ထဲမှာဗ​လောင်​ဆူလို့ဖွင့်​လည်းမ​ပြောချင်​ပါဘူး​မောင်​နှင်း​ကြောင့်​ဝမ်းနည်းမှာမလိုလားဘူး​မောင်​​ပျော်​​နေပါ​စေ။အောက်​ဆီဂျင်​ပိုက်​တန်းလန်းနဲ့ကျွန်​မ​နောက်​ဆုံးအချိန်​ပါ​ဘေးမှာအ​မေအ​ထေသူငယ်​ချင်းဟန်​နီလည်းရှိတယ်​။
"နှင်းသူငယ်​ချင်း​နေသာလား"
"ငါ့ကိုဖုန်း​ခေါ်​ပေးပါဟာ"
ဘယ်​သူ့ဆီကိုလဲဆို​တော့​မောင့်​ဆီကိုပါဖုန်းဝင်​သံတူတူဆိုတာ​လေး​တွေနဲ့အညီကျွန်​မအသက်​ကိုရှိက်​ပြီးရှု​နေရပါတယ်​။
"ဟဲလို"
"​မောင်​​နေ​ကောင်းလား"
"အင်း​ကောင်းပါတယ်​နှင်းညမှဆက်​​နော်​ခုစာသင်​​နေလို့"
"​မောင်​ဖုန်းမချပါနဲ့​မောင့်​အနားမှာအမြဲ​နေမယ်​​နော်​......."
"ဟဲလိုနှင်း....ဟဲလို"
ကျွန်​မတစ်​ချက်​က​လေးပါပဲကျွန်​မ​နေလို့ထိုင်​လို့​ကောင်းသွားတယ်​အ​ဖေနဲ့အ​မေ​နောက်​ပြီးဟန်​နီငို​နေကြတယ်​။ကျွန်​မအသံကုန်​​ခေါ်လည်းသူတို့မကြားဘူး။
"အ​မေ...အ​ဖေ....ဟန်​နီ...."
ကျွန်​မသိလိုက်​ပြီကျွန်​မ​သေပြီ​လေ။ကျွန်​မရယ့်​အုတ်​ဂူဖြူဖြူ​လေး​မောင်​​တော့လာပါတယ်​သူမငိုဘူးကျွန်​မဘဝကို​မေ့သွားပြီး​ခေါ်မိပါ​သေးတယ်​။
"​မောင်​....​မောင်​..."
မထူးပါဘူးပန်းစည်း​လေးတင်​ထားခဲ့ပြီးဘာမှ​တောင်​မ​ပြောပါဘူးလှည့်​ထွက်​သွားတယ်​ရင်​​တွေနာလိုက်​တာအသဲ​တွေကွဲထက်​​တော့မယ်​​မောင့်​​နောက်​ကိုပဲကျွန်​မလိုက်​​နေမိတယ်​။သူ့၃လ​လောက်​ကြာ​တော့တစ်​ခြားမိန်းမတစ်​​ယောက်​နဲ့ရည်းစား​တွေဖြစ်​​နေပြီသူတို့လက်​ထက်​လိုက်​ကြတယ်​ကျွန်​မ​တော်​​တော်​ရင်​​တွေနာလိုက်​တာ....။ကျွန်​မနှင်း​တွေဖြစ်​ချင်​တယ်​ကျွန်​မနှင်းဖြစ်​ပရ​စေ။ဒါမှ​မောင်​အပြင်​ထွက်​ရင်​​မောင့်​ရင်​ခွင်​မှာနားခိုခွင့်​ရမှာ.....။
၃နှစ်​ခန့်​ကြာ​သော်​.....
"မိန်းမ​ရေသမီး​လေးကို​ခေါ်ခဲ့​ဟေ့လမ်း​လျှောက်​ရ​အောင်​"
"ရှင်​တို့ပဲသွားကြ​တော့မိန်းမညကအလုပ်​လုပ်​​နေလို့အိပ်​​ရေးမဝဘူး"
"​အေး​အေးဒါဆိုသမီး​လေးလာ​ဟေ့ဒီ​နေ့နှင်း​တွေ​တော်​​တော်​ကြတာပဲ"
သူတို့သားအဖလမ်း​လျှောက်​ရင်းတစ်​​နေရာအ​ရောက်​သမီးဖြစ်​သူကရပ်​သွားသည်​။
"အ​ဖေဒီ​နေရာ​လေးမှတ်​မိလား"
"ဟင်​...."
လွန်​ခဲ့​သောအတိတ်​ကာလက​အ​ကြောင်းအရာ​တွေကတစ်​​ရေး​ရေးမြင်​လာသည်​။
"သမီးဘယ်​လို....."
"သမီးဟိုအရင်​တုန်းက​ပြောဖူးတယ်​​လေ​​မောင့်​နားမှာအမြဲ​နေမယ်​လို့"
နှင်း​တွေအကြားမှာလူနှစ်​​ယောက်​ရပ်​​နေပါသည်​။သူတို့နှစ်​​ယောက်​အကြားနှင်း​တွေက​တော့အဆက်​မပျက်​ကျဆင်းလျက်​​ကောင်​မ​လေးကပြုံး​နေသည်​​သူ့အပြုံးကအဓိပ္ပါယ်​အပြည့်​နဲ့..........။
"အ​ဖေ့ဆီမလာခင်​ကသမီး​လေဒီနှင်း​တွေထဲမှာ​နေတာ​လေသိပ်​လှတာပဲအ​ဖေရယ်​သမီး​လေ​နောက်​ဘဝကြရင်​နှင်း​တွေပဲဖြစ်​ချင်​တယ်​အ​ဖေရာ......"
"အ​ဖေက​တော့သဇင်​ပန်း​လေးပဲဖြစ်​ချင်​တယ်​"
နှစ်​​ယောက်​စလုံးပြုံးလိုက်​သည်​​နောက်​ပြီးကားဟွန်းသံတစ်​ခုခုကိုတိုက်​သံနှင်း​တွေက​တော့​ဆောင်းရာသီမှာကြဆင်းမြဲပါပဲသဇင်​​တွေလဲပွင့်​​နေဆဲပါပဲ.......။
"ဘယ်​လိုပဲ​ပြောင်း​ပြောင်း

ကြိုးစားပါဦးမည်​......
#like​ပေးသည်​ထက်​ခံစားရတာကို​ရေးခဲ့ပါ

No comments:

Post a Comment